hi88 789bet 1xbet 1xbet plinko Tigrinho Interwin

ငါးဦးနှောက်( Short-term memory loss)

မျက်လုံးနီကြီးတွေနဲ့ထိုင်နေပြီး
ခုနကမှကိုင်နေတဲ့ မီးခြစ် ဘယ်နားထားမိလဲ စဉ်းစားလို့မရ
ဘေးကပြောနေတာတွေလည်း အာရုံမရတော့ပဲ
“ငါးဦးနှောက်”ဖြစ်သွားတာ ဘာလို့လဲ??

“ငါးဦးနှောက်( Short-term memory loss)”

“ငါးဦးနှောက်” ဆိုတာ
Cannabis အသုံးပြုပြီး THC(Tetrahydrocannabinol) ဒြပ်ပေါင်းရဲ့ အာနိသင် ပြန်ကျသွားချိန်မှာ ခဏတာ မှတ်ဉာဏ်ချို့ယွင်းခြင်းကို ခေါ်တာပါ။

THC ပြန်ကျချိန်မှာ ခဏတာ မှတ်ဉာဏ်ထိခိုက်တာကို ငါးတွေရဲ့ မှတ်ဉာဏ်ကြာရှည်မခံတာနဲ့ တင်စားပြီး “ငါးဦးနှောက်” ဖြစ်တယ်လို့ ခေါ်လေ့ရှိကြပါတယ်။

“ငါးဦးနှောက်” ဘာလို့ဖြစ်လဲဆို

THC များတဲ့ Cannabis product ​တွေ အသုံးပြုပြီးတဲ့အခါ ကျွန်တော်တို့ဦးနှောက်ထဲက Hippocampus လို့ခေါ်တဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ အစိတ်အပိုင်းကို ခဏတာ သက်ရောက်မှုရှိပါတယ်။

THC ပမာဏမြင့်နေချိန်မှာ ဦးနှောက်ကက သတင်းအချက်အလက်တွေကို မှတ်သားဖို့ ခက်ခဲလာပြီး မှတ်ဉာဏ်ကို ခဏတာ ထိခိုက်စေပါတယ်။

ဒါကြောင့် မကြာသေးခင်ကဖြစ်တဲ့ အကြောင်းအရာတွေကို မေ့လျော့တာ၊
စကားပြောနေရင်း ခေါင်းထဲမှာ စကားလုံးပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။

“ငါးဦးနှောက်” ကို ဘယ်လို ကုစားရမလဲ??

“ငါးဦးနှောက်” က ခဏတာပဲ ဖြစ်တဲ့အတွက် အချိန်တန်ရင် ပြန်ကောင်းသွားတတ်ပါတယ်။

ဒါပေမဲ့ မြန်မြန်သက်သာချင်ရင်တော့ အောက်ပါနည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။

-ရေများများသောက်ပါ: THC များရင် dehydration ဖြစ်လို့ ခေါင်းပိုကိုက်စေတဲ့အတွက် ရေများများ သောက်ပေးပါ။

-အသက်ဝအောင်ရှူပြီး အနားယူပါ: စိုးရိမ်ပူပန်နေတာတွေက THC များမှုကြောင့် ဖြစ်တာလို့ သိပြီး စိတ်ကို တည်ငြိမ်အောင် အနားယူပါ။

-အာရုံလွှဲပြောင်းပါ: စိတ်ဝင်စားစရာတစ်ခုခုကို လုပ်ဆောင်ပြီး အာရုံလွှဲပြောင်းပါ။

-CBD သုံးစွဲပါ: CBD (cannabidiol) က THC ရဲ့ အာနိသင်ကို လျော့ကျစေတဲ့အတွက် “ငါးဦးနှောက်” ကို သက်သာစေနိုင်ပါတယ်။

“ငါးဦးနှောက်” က ခဏတာပဲဖြစ်ပြီး၊ THC အာနိသင် လုံးဝ ကုန်သွားရင် ပြန်ကောင်းသွားတတ်ပါတယ်။

ဒါပေမယ့် THC ကို နှစ်ရှည်လများ အလွန်အကျွံသုံးစွဲတာက ရေရှည် မှတ်ဉာဏ်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

Cannabis ကို ရေရှည် အသုံးပြုချင်တယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားပါ။

-THC ပမာဏနည်းတဲ့ တာကို ရွေးချယ်ပါ။

-သောက်တဲ့ ပမာဏကို လျှော့ချပါ။

-CBD နဲ့ တွဲသုံးပါ: CBD က THC ရဲ့ အာနိသင်ကို လျော့ကျစေတဲ့အတွက် “ငါးဦးနှောက်” ကို သက်သာစေနိုင်ပါတယ်။

-ကြိုတင်ပြင်ဆင်ပါ: မသုံးခင်မှာ အရေးကြီးတဲ့ အလုပ်တွေကို မလုပ်ပါနဲ့။

“တန်ဆေး လွန်ဘေး” ဆိုသလိုပဲ
တစ်ခါတစ်လေ “ငါးဦးနှောက်” ဖြစ်တာက စိုးရိမ်စရာမရှိပေမဲ့
အလွန်အကျွံ အသုံးပြုမှုကတော့ စိတ်နဲ့ခန္ဓာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

Disclaimer: This content is for educational and informational purposes only. We do not sell, promote, or encourage the use of any illegal substances. Always follow the laws and regulations of your local jurisdiction regarding cannabis or any other controlled substances.

Lollipopthailand #lollipopbangkok #lollipop #shorttermmemprtlost #goldfishbrain #knowledgesharing #educational #relax #chill #rest

Share this post with your friends

Facebook
Telegram
Twitter
Print

Leave a Reply

Your email address will not be published. Required fields are marked *

Recent Post

Tags