hi88 789bet 1xbet 1xbet plinko Tigrinho Interwin

မယ်ရီစိတ်ပျော်ပင်လေးတွေ ဘယ်အချိန်မှာ၊ ဘာလို့၊ ဘယ်လို ပန်းပွင့်ကြလဲ??

မယ်ရီလည်း သဘာဝပန်းပင်လေးတွေလိုပဲ အရွယ်ရောက်ပြီဆို မျိုးဆက်ပွါး၊ ဝတ်မှုန်ကူးဖို့ ရည်ရွယ်ချက်နဲ့ ပန်းပွင့်လေးတွေ ဖူးပွင့်ကြရပါတယ်။

မယ်ရီ အမပင်(Indoor Photoperiod)လေးတွေက
Vegetative Stage(အပင်ကြီးထွားတဲ့အဆင့်)မှာ ၄ပတ်ကနေ-၈ပတ်လောက်ကြာပြီးရင် Flowering Stage(ပန်းပွင့်၊ အဖူးဖူးတဲ့အဆင့်)ပြောင်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။

မယ်ရီအပင်လေးတွေရဲ့ Flowering Stage(ပန်းစပွင့်တဲ့အချိန်ကနေ ရိတ်သိမ်းလို့ရတဲ့အထိ) အချိန်က ၈ပတ်ကနေ-၁၀ပတ်အထိကြာတတ်ပါတယ်။

Flowering Stage စပြီဆိုရင် မယ်ရီတို့ကို အလင်းပေးတဲ့အချိန်လျှော့လိုက်ရပါတယ်။
ဥပမာ ၁၈နာရီ အလင်းပေး-၆နာရီ အမှောင်ချ Cycle ကနေ ၁၂နာရီ အလင်းပေး-၁၂နာရီ အမှောင်ချ Cycle ကို ပြောင်းပေးရပါတယ်။

Flowering Stageစပြီး မယ်ရီတို့ရဲ့ အဖူးပွင့်ပုံအဆင့်ဆင့်ကတော့

🌼Weeks 1-3 of flowering:
Flowering Stage စပြီဆိုအဖူးလေးတွေ တန်းမထွက်လာသေးပါဘူး။
– ပထမပတ်အတွင်းမှာ မယ်ရီပင်လေးက နှစ်ဆ-သုံးဆလောက် ရှည်ထွက်လာပြီးတော့ အပင်ထိပ်နားမှာ အရွက်သစ်လေးတွေထွက်လာပါတယ်။
– နှစ်ပတ် နောက်ပိုင်းမှာတော့ အဖူးသေးသေးလေးတွေ စထွက်လာပါပြီ။
ဒီအချိန်မှာ မယ်ရီအပင်တွေကို အထီးပင် အမပင် ခွဲခြားလို့ရပါမယ်။
– သုံးပတ်မြောက် အတွင်းမှာတော့ အပင်ရှည်ထွက်တာရပ်သွားပြီး အဖူးအရွယ်အစား စပြီးကြီးလာပါတယ်။
ဒီအချိန်ကစပြီး အပင်ကစွမ်းအင်တွေကို အဖူးကြီးထွားဖို့ပဲ အဓိကသုံးတော့မှာမို့ အားဆေးစကျွေးလို့ရပါပြီ။

🌼Weeks 4-6 of flowering:
– လေးပတ်မြောက်မှာတော့ Flowering Stage အလယ်လောက်ရောက်ပြီဖြစ်လို့ အဖူးအရွယ်အစားတွေ ပိုကြီးလာပါပြီ။
အဖူးတွေပေါ်မှာ အဖြူရောင် Pistil အမျှင်လေးတွေ စထွက်လာပြီး အနံ့လေးတွေလည်း စမွှေးလာပါမယ်။
– ငါးပတ်မြောက် ဆိုရင်တော့ အဖူးအရွယ်အစားတွေ ပိုပိုကြီးလာပြီး Pistil အမျှင်လေးတွေကလည်း လိမ္မော်ရောင်စသန်းလာပါမယ်။

🌼Weeks 6-10+ of flowering:
ဒီအချိန်မှာတော့ Flowering Stage ပြီးခါနီးကို ရောက်ရှိလာပါပြီ။
အဖူးအကြီးကြီးတွေဖြစ်လာမယ်။
Pistil အမျှင်လေးတွေကလည်း လိမ္မော်ရောင်တောက်တောက်လေးတွေဖြစ်လာမယ်။
အနံ့ကလည်း သိသိသာသာမွှေးနေမယ်။

အဖူးလေးတွေကို အပတ်တိုင်းစောင့်ကြည့်နေပြီး Pistil အမျှင်လေးတွေ လိမ္မော်ရောင်ပြောင်းချိန်၊ Trichomeတွေ နို့နှစ်ရောင်ပြောင်းချိန်ဆို ရိတ်သိမ်းလို့ရကြောင်း သိနိုင်ပါတယ်။

Flowering Stage နောက်ဆုံးအပတ်တွေမှာ စိုထိုင်းဆ အရမ်းများနေရင် အဖူးပုပ်သွားနိုင်လို့ အထူးဂရုစိုက်သင့်ပါတယ်။

အဖူးတွေကို နူးနူးညံ့ညံ့နဲ့ အရသာရှိရှိသောက်လို့ရဖို့အတွက် Flowering Stage နောက်ဆုံးနှစ်ပတ်လောက်မှာ pH 6-6.5 ရေနဲ့လောင်းပြီး Flushing လုပ်ပေးရပါတယ်။

ဒီလောက်ဆို မယ်ရီပန်းပင်လေးတွေ အဖူးဖူးတဲ့အကြောင်းကို အကြမ်းဖျင်းသိလောက်ပါပြီ။

မယ်ရီအပင်လေးတွေကို ပျိုးထောင်နေတဲ့ ဥယျာဉ်မှူးညီကိုတွေ အရည်အသွေးမှီ အဖူးတွေ စိုက်ပျိုးနိုင်ကြပါစေဗျာ။

သိချင်တာရှိရင် Comment မှာမေးထားလို့ရပါတယ်။

flowering #cannabis #floweringstage #knowledge #lollipopthailand

Share this post with your friends

Facebook
Telegram
Twitter
Print

Leave a Reply

Your email address will not be published. Required fields are marked *

Recent Post

Tags