hi88 789bet 1xbet 1xbet plinko Tigrinho Interwin

ဝိသောက်ရင် ပိန်လား??

ဝိသောက်ရင် ပိန်လားဆို
ငါတော့ ဝိသောက်ပြီး စားပဲစားနေတာ
ဘယ်လိုလုပ် ပိန်မှာလဲလို့ တွေးမိနိုင်ပါတယ်။

ဒါပေမဲ့.. ၂၀၁၁ မှာ “American Journal of Epidemiology” က လူအရေအတွက် “၅သောင်း” နဲ့ ပြုလုပ်ခဲ့တဲ့ လေ့လာမှုရဲ့ အဖြေအရ
“ဝိအသုံးပြုသူ အများစုဟာ ပိန်ပြီးတော့ ခါးအရွယ်အစား သေးကြတယ်” လို့ တွေ့ရှိထားပါတယ်။

အဲ့တာက ဘာဖြစ်လို့လဲဆိုတော့

▪️THC က အစား စားချင်စိတ်ကို ဖြစ်ပေါ်စေပေမဲ့
THC အသုံးပြုတာများပြီး Tolerance တွေ မြင့်လာတဲ့အခါမှာ အစား စားချင်စိတ် ပြန်လျော့သွားတတ်ပါတယ်။

နှစ်ချို့ စတုန်နာကြီးတွေက အရမ်းမစားကြတော့ပါဘူး။

▪️ပြီးတော့ နောက်ထပ်လေ့လာမှုတွေမှာ THC က ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ဝိတ်ကျစေတယ်လို့လည်း တွေ့ရှိထားပါတယ်။
THC က ခန္ဓာကိုယ်သွေးကြောတွေထဲက သကြားပါဝင်မှုကို လျှော့ပေးပြီး အဆီအဖြစ်နဲ့ စွမ်းအင်သိုလှောင်မှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။
(အတည်ပြုထားတာတော့ မရှိသေးပါဘူး)

▪️နောက်တစ်ခုက ဝိမှာပါတဲ့ CBD နဲ့ THCV ပါ။
CBD က အစား စားချင်စိတ်ကို လျော့ကျစေပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ထဲက စွမ်းအင်သိုလှောင်ဖို့ ဖြစ်လာတဲ့ လောင်ကျွမ်းရခက်တဲ့ White Fat(အဆီ) တွေကို ခန္ဓာကိုယ်အတွက် အပူထုတ်ပေးဖို့ အသုံးပြုတဲ့ လောင်ကျွမ်းလွယ်တဲ့ Brown Fat တွေအဖြစ် ပြောင်းလဲပေးတယ်လို့လည်း ဆိုထားပါတယ်။

▪️တွေ့ရနည်းတဲ့ THCV ဒြပ်ပေါင်း ကလည်း စားချင်စိတ်လျော့စေပြီး
အဝလွန်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ ကိုယ်တွင်းအင်္ဂါ အဆီဖုံးတာတွေကို ကုသရာမှာ အကျိုးရှိပါတယ်။

▪️USA National Library of Medicine Website ကတော့ “Sativa” မျိုးစိတ်ဟာ အဝလွန်ရောဂါကြောင့်ဖြစ်တဲ့ ဖောယောင်မှု၊ ဆဲလ်ပျက်စီးမှုကို လျော့ကျစေပြီး ဦးနှောက်ဆဲလ် ပျက်စီးမှုကို ကာကွယ်ပေးတယ်လို့ လေ့လာမှု စာတမ်းတစ်ခု ထုတ်ပြန်ထားပါတယ်။

▪️နောက်တစ်ခု ရှိတာက
အိပ်ရေးဝဝ အိပ်တာကလည်း ဝိတ်ကျဖို့အတွက် အထောက်အကူပြုပါတယ်။
ဝိအသုံးပြုပြီးတဲ့အခါ စိတ်ဖိစီးမှူ၊ စိုးရိမ်ပူပန်မှုနဲ့ နာကျင်မှုတွေ လျော့သွားပြီး ကောင်းကောင်း အိပ်ပျော်စေတာကြောင့် ဝိတ်ကျစေတယ်လို့လည်း ကောက်ချက်ချကြပါတယ်။

ဒီတော့… ဝိသောက်ရင် ပိန်လားဆို
လေ့လာမှုတွေက အရေအတွက် လုံလုံလောက်လောက် မရှိသေးတာရော၊
လူတစ်ယောက်နဲ့ တစ်ယောက် ဝိရဲ့effect သက်ရောက်ပုံ မတူတာရောကြောင့်
ဝိသောက်ရင် ပိန်မယ်လို့တော့ တထစ်ချ ယုံကြည်လို့ မရသေးပါဘူး။

Tolerance မြင့်တဲ့အထိ အသုံးပြုပြီး ဝိတ်ချရအောင်ကလည်း ကျန်းမာရေး ထိခိုက်စေတဲ့အတွက် နည်းလမ်းကောင်းတစ်ခု ဟုတ်မနေပါဘူး။

ဝိတ်ကျဖို့အတွက်ဆို လေ့ကျင့်ခန်းနဲ့ ကယ်လိုရီတွက်စားတာကို အဓိက ပြုလုပ်သင့်ပါတယ်။

ဝိသောက်ပြီး စားပြီးရင်း စားချင်နေရင်တော့
ကယ်လိုရီပါဝင်မှုနည်းတဲ့
-အစေ့အဆံ
-ဒိန်ချဉ်
-အသီးအနှံ
-Dark Chocolate
-သကြားမပါတဲ့ အချိုရည် တို့ကို
သွားရည်စာအဖြစ် ပြောင်းလဲ စားသုံးနိုင်ပါတယ်။

Share this post with your friends

Facebook
Telegram
Twitter
Print

Leave a Reply

Your email address will not be published. Required fields are marked *

Recent Post

Tags