hi88 789bet 1xbet 1xbet plinko Tigrinho Interwin

အချစ်ပန်းပွင့်လေးများရဲ့ ဘဝရှင်သန်ခြင်း ခရီးလမ်း

အချစ်ပန်းပင်လေးတွေရဲ့ ဘဝသံသရာ စက်ဝန်းက အစေ့ အညှောင့် ဘဝကနေ
နောက်ဆုံး အရေးကြီးဆုံးဖြစ်တဲ့ ပန်းများပွင့်လန်းခြင်းဆိုတဲ့ ကာလအထိ
လောကဓံ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရတာဖြစ််လို့ ဥယျာဥ်မှူးများအနေနဲ့ ကိုယ်ကြိုးစား စိုက်ပျိုးထားတဲ့ ပန်းကလေးတွေကို တစိမ့်စိမ့်ကြည့်ရင်း ကြည်နူးနေချင်တာမျိုးဆိုရင် ဒီနည်းစနစ်လေးတွေကို လေ့လာထားကြည့်ကြပါနော်။

နံပါတ် (၁) ပန်းများပွင့်လန်းစေဖို့ အလင်းရောင် ချိန်ဆပေးခြင်း

အချစ်ပန်းလေးများ ဖူးပွင့်လန်းစေဖို့အတွက် Indoor Growing stage မှာ
ပုံမှန်ပေးနေကြ အလင်းရောင်ကို ချိန်ဆထိန်းညှိပြီး လိုအပ်လာရင် တစ်နေ့ကို ၁၀ -၁၂ နာရီလောက် အလင်းမရရှိတဲ့ အမှောင်ထုထဲ ကိုအချိန်ကြာကြာထားရှိခြင်းဖြင့် ချစ်ပန်းလေးများရဲ့ ကြိီးထွားမှု နှုန်းကို လျော့ချထားနိုင်မှာဖြစ်ပြီး ပန်းပွင့်လေးများ ပွင့်လန်းဖို့အတွက် အကြောင်းအရာ ဖြစ်ပေါ်လာမှာပါ။

ကိုယ်ပျိုးထားတဲ့ပန်းလေးတွေကို အများကကြည့်ရုံနဲ့ ဥယျာဥ်မှူးဘယ်လောက်တော်ကြောင်း

နံပါတ် (၂) အချစ်ပန်းများ စိတ်မှတဆင့်ပွင့်လန်းခြင်း
အလင်းရောင် စက်ဝန်းအရ အမှောင်ထုထဲမှာ အချိန်ကြာမြင့်စွာထားပေးခြင်းဖြင့်
အချစ်ပန်းလေးများရဲ့ စိတ်ကို အဖူး အပွင့်လေးများပွင့်လန်းစေဖို့ နှိုးဆွပေးတာဖြစ်လို့
ပန်းမျိုးစိတ်ပေါ်မူတည်ပြီး
ခန့်မှန်းချေ ၇ – ၉ ပတ်အတွင်း အဖူး အပွင့်လေးများ စတင်ပွင့်လင်းလာမှာပဲဖြစ်ပါတယ်။

ဒီနေရာ တစ်ခုပြောပြချင်တာက အချို့သော စတေဘာ မျိုးစိတ်တွေ အတွက်
အဖူးလေး များမှတဆင့် အပင်များပွင့်လန်းဖို့ အချိန်ပိုယူကြသလို တချို့မျိုးစိတ်တွေကလည်း
ပန်းပွင့်ချိန်ကို ပုံသေသတ်မှတ်ထားလို့ မရတာဖြစ်လို့ ဥယျာဥ်မှူးတို့ အနေနဲ့
ယေဘူယျလမ်းညွှန်ချက်တစ်ခုအဖြစ် ပုံသေမထားပဲ တစ်ပတ်ပြီး တစ်ပတ် ၊ တစ်ရက်ခြင်း တစ်ရက် ပန်းပင်လေးတွေရဲ့ အခြေအနေကို လေ့လာမှတ်သားထားဖို့လိုပါလိမ့်မယ်။

နံပါတ် (၃) အချစ်ပန်းပွင့်ဖို့ အဆင့်ဆင့်

ပထမဆုံးပန်းပွင့်ရက်သတ္တပတ်အနည်းငယ် (အပတ် ၁၊ ၂ နှင့် ၃)

ပန်းပွင့်ဖို့ အချိန်စတင်တဲ့အခါ ပန်းပင်လေးတွေကလည်း သက်ရှိတွေဖြစ်လို့
အခုချက်ချင်း သင်၏အပင်ကြီးထွားမှု ရုတ်ချည်းပြောင်းလဲခြင်းမဟုတ်ပဲ

ပထမရက်သတ္တပတ်တွင်း တချို့ ပန်းမျိုးစိတ်ကွဲများစွာက အမှန်တကယ်ပင် သိသိသာသာကြီးထွားလာနိုင်ပါတယ်။ အာ့လိုအခါမှာ ဥယျာဥ်မှူးတို့အနေနဲ့ အဟာရ ကို
စနစ်တကျ ကျွေးမွေးယုံသာမက အပင်လေးများ လွတ်လပ်စွာ ရှင်သန်ကြီးထွားရန်အတွက် လုံလောက်သော နေရာပေးလိုတယ်ဆိုတာကိုလည်း သိထားရန် အရေးကြီးပါသည်။
ဤကာလအတွင်း အချို့မျိုးကွဲများသည် နှစ်ဆနီးပါးလောက်ကို
ကြီးထွားမှုမြန်ဆန်သောကြောင့် ပန်းပွင့်အစောပိုင်းအဆင့်ကို ဆွဲဆန့်သည့်အဆင့်ဟုလည်း ခေါ်ကြပါတယ်။

ဒုတိယအဆင့် ပန်းမျိူးစိတ်များ ကွဲပြားလာခြင်း

ပန်းပွင့်ခြင်းရဲ့ ဒုတိယအဆင့် ရက်သတ္တပတ်တွင် အဖြူရောင် အမွှေးမျှင်လေးများနဲ့
ကြီးထွားလာမည်ဆိုရင် ဒါက အမ မျိုးစိတ်ဖြစ်ပြီး ထိုအမွှေးမျှင််လေးတွေကနေ နောက်ပိုင်းမှာ အဖုတွေဖြစ်လာလိမ့်မယ် အာ့အဖုလေးတွေကနေ တဆင့် အဖူးအပွင့်လေးတွေဖြစ်လာမှာပါ။

အကယ်၍ ဥယျာဥ်မှူးရဲ့ အချစ်ပန်းပင်လေးက အထီးမျိုးစိတ်ဆိုရင်တော့
အမွှေးအမျှင်တွေပေါက်မှာ မဟုတ်ပဲ ဝတ်မှုန်အိတ်ငယ်များ ပိုပြီးကြီးထွားလာမှာဖြစ်ပါတယ်။

ရက်သတ္တပတ် ၃
အချစ်ပန်းပင်လေးများရဲ့ ကြီးထွားမှု လုံးလုံးလျားလျား မရပ်တန့်သေးဘဲ ယခုအခါ အစောပိုင်း သုံးပတ်ခန့်ကထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုကြီးထွားလာမှာဖြစ်သော်လည်း
အပင်အကြောတွေက တဖြည်းဖြည်းနဲ့ နှေးကွေးလာပြီး မကြာမီ ကြီးထွားမှုရပ်တန့်သွားမှာပါ။

အရင်က အမွှေးအမျှင်လေးတွေကနေ ယခုအခါမှာတော့ အဖူးအပွင်စ့စ်အမှန်များ ပေါက်ဖွားလာခြင်းရဲ့ ပထမဆုံးလက္ခဏာများကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
တစ်ခုသိထားရမှာက ဥယျာဥ်မှူးတို့ သေချာပြုစု ပျိုးထောင်ထားတဲ့ အချစ်ပန်းဖူးလေးများပေါ်မှာ အစေးဂလင်းများနှင့် trichomes အများအပြားရှိဦးမှာ မဟုတ်လို့
ဝတ်မှုန် ရနံ့တွေကတော့ ထင်သလောက်ရဦးမှာ မဟုတ်ပါဘူး။
ပန်းပွင့်ကြီးထွားမှုအတွက် စွမ်းအင်ပိုမိုသုံးစွဲရသည့် ဤအဆင့်က အထူးအရေးကြီးတာဖြစ်လို့ ဥယျာဥ်မှူးတို့ အနေနဲ့ အချစ်ပန်းလေးများအတွက် သင့်လျော်သော အဟာရများ
ရရှိစေဖို့ အကြံပြုထားတဲ့ ပမာဏ ၊ အညွှန်းများကို သေချာစွာ စစ်ဆေးသုံးသပ်ဖို့လိုပါတယ်။

ရက်သတ္တပတ် ၄

ပန်းပွင့်သည့်အဆင့်၏ ရက်သတ္တပတ် 4 တွင်၊ ပန်းပင်များသည် ကြီးထွားမှု လုံးဝရပ်တန့်သွားဖွယ်ရှိပြီး ယခုအခါ ကြီးထွားလာသော အဖုအသီးများက ပန်းပင်လေးတို့ရဲ့စွမ်းအင်အားလုံးကို သုံးစွဲနေတာဖြစ်လို့
အဖုအသီးတို့ရဲ့ အရွယ်အစားများ ပိုမိုကြီးထွားလာတာ နှင့်အမျှ သင့်အပင်များသည် ယခုအချိန်တွင် trichomes များပိုမိုထွက်လာပြီး အနံ့အသက်ကလည်း အရင်ကထက် ပိုမွှေးလားမှာပဲ ဖြစ်ပါတယ်။

ရက်သတ္တပတ် ၅
ပန်းပွင့်သည့်ရက်သတ္တပတ် 5 တွင် အချစ်ပန်းပင်လေးများတွင် အဖူး အသီးများ ပိုထူလာသည်ကို သင်သတိပြုမိလာမှာပါ။ နောက်ပြီး ပင်မ ပင်စည်နဲ့ တချို့သော အကိုင်းတလျောက်က နေရာတွေမှာ အဖု အသီးသစ်တွေဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။ ဒီလက္ခဏာတွေက
အချစ်ပန်းပင်လေးများရဲ့ ပန်းဖူးပွင့်ဖို့ မုဒ်ဝင်နေတာမျိုးလို့ ယေဘူယျအားဖြင့် သတ်မှတ်ထားလို့ရပါတယ်။

ရက်သတ္တပတ် ၆၊ ၇ နှင့် ၈ (ပန်းပွင့်ချိန်နှောင်းပိုင်း၊ မရိတ်သိမ်းမီအချိန်)

အချစ်ပန်းပင်လေးတွေရဲ့ အချစ်လမ်းခရီးက ဒီအချိန်မှာတော့ ရိတ်သိမ်းလို့ရတော့မယ့် အချိန်ဖြစ်လို့ လိုအပ်တဲ့ Trimming ၊ Cleaning တွေလုပ်ဖို့ နဲ့ တခြား tasks အသေးလေးတွေပဲ ကျန်ပါတော့မယ်။

အချစ်ပန်းပင်လေးများကို ဆေးကြောတဲ့ အခါ ရိုးရိုး pH-level ရှိတဲ့ ရေနဲ့သာ ဆေးကြောရန်လိုပါတယ်။ ပန်းပွင့်လေးတွေမှာ ပါတဲ့ မလိုအပ်တဲ့ မြေဆီလွှာရဲ့ ဆား နဲ့ သတ္ထုဓာတ်တွေကို ဖယ်ရှား သန့်စင်ပေးကာ ပိုမိုကောင်းမွန်ပြီး သဘာဝအတိုင်း အရသာကို ရရှိစေမှာပဲဖြစ်ပါတယ်။
အာ့လိုမဟုတ်ဘူးဆိုရင် chemical အရသာလိုမျိုးဖြစ်နေမှာပါ။

နောက်တစ်ခုမှာချင်တာက မှန်ကန်သော ရိတ်သိမ်းချိန်အတွက် သတိထားပြီး စစ်ဆေးဖို့ပါပဲ။

ဥယျာဥ်မှူးတို့ အနေနဲ့ ပန်းပင်လေးများကို ရိတ်သိမ်းရမည့်အချိန်ကို သိရှိဖို့
trichomes များကို ပုံမှန်စစ်ဆေးရန် လိုအပ်ပါတယ်နော်။

trichomes တွေက ကြည်လင်သောအဖြူမှ နို့နှစ်ရောင်သို့ ပြောင်းသွားခြင်း ရှိမရှိကို ကြည့်ပြီး
လာနိုင်ပါတယ်။ သင်မြင်ရသော trichomes အများအပြားသည် ရှင်းလင်းပြီး ပွင့်လင်းပါက၊ ၎င်းသည် ရိတ်သိမ်းရန် စောလွန်းနေသေးတယ်ဆိုပြီး သတ်မှတ်လို့ရမှာဖြစ်ပါတယ်။

နောက်အပတ်တွေမှာလည်း ပန်းပျိုးသူ ဉယျာဥ်မှူးတို့အတွက် Pro tips & tricks လေးတွေ Share ပေးသွားဦးမှာဖြစ်လို့ စောင့်ကြည့်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

Share this post with your friends

Facebook
Telegram
Twitter
Print

Leave a Reply

Your email address will not be published. Required fields are marked *

Recent Post

Tags