hi88 789bet 1xbet 1xbet plinko Tigrinho Interwin

“အစိမ်းရောင် နှင်းဆီပန်းများ”

ကျွန်တော့်အတွက်တော့ တစ်ချိန်က သူမကို စွဲလမ်းသလို စွဲလမ်းရတဲ့ အစိမ်းရောင် နှင်းဆီလေးတွေ ရှိပါတယ်။

သူမက နှင်းဆီလိုပဲ ဆူးတွေအပြည့်နဲ့ မာနခဲလေးပေါ့။ အကြည့်တစ်ချက်ချင်းစီတိုင်းက အသက်ပါ ကြွေလောက်တဲ့အထိ လှတယ်၊ သူ့အလှကလည်း ကျွန်တော့်ကို ယစ်မူးစေတယ်။

အစိမ်းရောင် နှင်းဆီကလဲ သူမလိုပဲ လှပတယ်၊ စူးရှတယ်၊ ပြင်းထန်တယ်၊ ကျွန်တော့်ဘဝကို ပျော်ရွှင်စေတယ်ပေါ့ဗျာ။

ကျွန်တော့်အနားမှာ သူမ မရှိတော့ဘူးဆိုတော့ သူမလိုပဲ လှပတဲ့ အစိမ်းရောင်နှင်းဆီတွေကိုပဲ ကျွန်တော် အဖော်ပြုခဲ့ရတယ်။

လွန်ခဲ့တဲ့ နှစ်တွေ ယောင်ချာချာနဲ့ နေရာအသစ်ကို ရောက်ခါစမှာ စိတ်ပင်ပန်းသမျှကို ဒီ နှင်းဆီပန်းလေး ကောင်းမှုနဲ့ပဲ ဖြေဖျောက်ခဲ့ရတာဗျ။

ကျွန်တော့်ရဲ့ နေ့စဥ်ဘဝမှာ လူတွေရဲ့အမြင်တွေကို အလေးထားရတာမို့ ကျွန်တော့်မှာ မွန်းကျပ်စရာတွေ အတော်များပါတယ်။

ကျွန်တော်က လွတ်လပ်ချင်တယ်၊ ပေါ့ပေါ့ပါးပါးပဲ ဘဝကို ဖြတ်သန်းချင်တယ်၊ ဒါပေမယ့် ကျွန်တော့်မှာ အမြဲလိုလို အကောင်းဆုံး ပြရုပ်ကိုပဲ လူတွေမြင်ဖို့ အမြဲ ကြိုးစားအားထုတ်နေရတာပဲဗျာ။

ခါတလေကျလည်း အရေခွံခြုံထားရသလို ခံစားရတော့ ပင်ပန်းရတာပေါ့။

ဒီလိုအချိန်တွေဆို ကျွန်တော့်အတွက် နားခိုရာက အစိမ်းရောင် နှင်းဆီလေးတွေပဲဗျ။
ညနေခင်းဆို ဝရန်တာလေးကနေ ပျားပန်းခတ်သလို အသက်ဝင်နေတဲ့ မြို့ပြရဲ့ နေဝင်ချိန်ကို ခံစားရင်း နှင်းဆီလေးတွေကို အဖော်ပြုရတာပေါ့။

ဖြေးဖြေး ငြိမ့်ငြိမ့်လေးနဲ့ ကျွန်တော့်ရင်ထဲက ပင်ပန်းမှု အစိုင်အခဲတွေ အရည်ပျော်သလို
ကျွန်တော်လည်း နှင်းဆီလေးရဲ့ အလှမှာ အရည်ပျော်ရင်းပေါ့ဗျာ။

#LollipopThailand #Lollipop #Cannabis

Share this post with your friends

Facebook
Telegram
Twitter
Print

Leave a Reply

Your email address will not be published. Required fields are marked *

Recent Post

Tags