သူတို့ဆီမှာ … လာကဒမ်း
“ အဓိပ္ပာယ်မဲ့သည့် မတရားဉပဒေများကို ဖျစ်ညှစ်အကောင်အထည် ဖော်နေကြ သော မြို့ပြအုပ်ချုပ်မှု ယန္တရားက သာ ဆေးခြောက်ပင်များကို သတ်နေခြင်းဖြစ်၏… ထိုသို့ မဟုတ်လျှင် ရိုးရာ တိုင်းရင်းသား လူမျိုးများကြားက ဆေးခြောက်နှင့်ဆက်စပ်ယဉ်ကျေးမှု သမိုင်း များသည် အရှေ့တောင်အာရှ အထိ ထိုးဖောက် နိုင်သည် အထိ ခမ်းနား ကျယ်ပြန့်သည်ဟု ကျွန်တော်ယုံကြည်ပါသည် ” သူတို့ဆီမှာ … လာကဒမ်း ပလောင်ကိုရင်ငယ်လေးက သစ်သားခေါင်းတလားကို ဖွင့် လိုက်ပြီး အလောင်းကို တစ်ချက်မျှ ကြည့်ကာ ဂါထာတစ်ပုဒ်ကို တိုးတိုးရွတ်နေလေ သည်။ သေဆုံးသူ လှဲလျောင်းနေသော အထပ်သား အလောင်းစင် လေးသည် ခမ်းနားကြီးကျယ်မှုမရှိသော်လည်း တအာန်း(ခ)ပလောင်ရိုးရာအတိုင်း နတ်တိုင်လေး များစိုက်ထူကာ အကျအနပြင်ဆင်ထားလေ၏ ။ …နေမဝင်ခင် ရုပ် အလောင်းကို […]