“အစိမ်းရောင် နှင်းဆီပန်းများ”
ကျွန်တော့်အတွက်တော့ တစ်ချိန်က သူမကို စွဲလမ်းသလို စွဲလမ်းရတဲ့ အစိမ်းရောင် နှင်းဆီလေးတွေ ရှိပါတယ်။ သူမက နှင်းဆီလိုပဲ ဆူးတွေအပြည့်နဲ့ မာနခဲလေးပေါ့။ အကြည့်တစ်ချက်ချင်းစီတိုင်းက အသက်ပါ ကြွေလောက်တဲ့အထိ လှတယ်၊ သူ့အလှကလည်း ကျွန်တော့်ကို ယစ်မူးစေတယ်။ အစိမ်းရောင် နှင်းဆီကလဲ သူမလိုပဲ လှပတယ်၊ စူးရှတယ်၊ ပြင်းထန်တယ်၊ ကျွန်တော့်ဘဝကို ပျော်ရွှင်စေတယ်ပေါ့ဗျာ။ ကျွန်တော့်အနားမှာ သူမ မရှိတော့ဘူးဆိုတော့ သူမလိုပဲ လှပတဲ့ အစိမ်းရောင်နှင်းဆီတွေကိုပဲ ကျွန်တော် အဖော်ပြုခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်တွေ ယောင်ချာချာနဲ့ နေရာအသစ်ကို ရောက်ခါစမှာ စိတ်ပင်ပန်းသမျှကို ဒီ နှင်းဆီပန်းလေး ကောင်းမှုနဲ့ပဲ ဖြေဖျောက်ခဲ့ရတာဗျ။ ကျွန်တော့်ရဲ့ နေ့စဥ်ဘဝမှာ လူတွေရဲ့အမြင်တွေကို အလေးထားရတာမို့ ကျွန်တော့်မှာ မွန်းကျပ်စရာတွေ အတော်များပါတယ်။ ကျွန်တော်က လွတ်လပ်ချင်တယ်၊ ပေါ့ပေါ့ပါးပါးပဲ […]