Weed ကို ခဏလောက်ခွဲနေသင့်ပြီလား??
WeeD ကို ရက်ဆက်ပြီး ပုံမှန်သောက်ဖြစ်နေရင် Tolerance မြင့်လာတတ်ပါတယ်။ ခံနိုင်ရည်စွမ်း တဖြည်းဖြည်းတိုးတာပေါ့။ ညီကိုတွေဖြစ်ဖူးမှာပါ။ ပုံမှန်သောက်နေရင်းနဲ့ WeeD ရဲ့ effect က လျော့လျော့လာတယ်။ နောက်ကျတော့ သောက်တာသောက်နေတာ ပြဲလား\မပြဲလား မသဲကွဲတော့ဘူး။ ပိုသောက်ကြည့်လည်းမထူး။ ပိုပြင်းတဲ့ဟာစမ်းကြည့်မယ်ကွာဆိုပြီး သောက်တော့လည်း အရင်လိုပျော်စရာမကောင်း။ ဟာ.. ငါမပြဲနိုင်တော့ဘူးလားပေါ့?? ဒါကတော့ Tolerance မြင့်လာတဲ့ လက္ခဏာတွေပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ THCဒြပ်ပေါင်းကို ချိတ်ဆက်ပေးတဲ့ endocannabinoid system ဆိုတာရှိပါတယ်။ THC တွေ များလာတဲ့အချိန်မှာတော့ endocannabinoid system ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပဲ Tolerance မြင့်တယ်ဆိုပြီး ဖြစ်လာပါတယ်။ Tolerance မြင့်လာရင် ဘယ်အချိန်သောက်သောက် အေးဆေးပဲ၊ အပြင်သွားလို့ရတယ်၊ အလုပ်လုပ်လို့ရတယ်၊ ဆရာကြီးဖြစ်လာပေမဲ့ ဆိုးကျိုးတွေလည်းရှိပါတယ်။ -နည်းနည်းလေးပြဲဖို့ အများကြီးပိုသောက်ရတယ်။ […]