Cannabinoids ရဲ့အကျိုးကျေးဇူးများ
ဒီနှစ်ပိုင်းအတွင်း Stress ပိတာ၊ စိုးရိမ်ကြောင့်ကြနေရတာ၊ အိပ်မပျော်တဲ့ ရောဂါတွေ ကျွန်တော်တို့မှာ အဖြစ်များလာကြပါတယ်။ ပင်ပန်းပြီဆို ကော်ဖီတွေသောက် စိတ်ဖိစီးရင် ဖုန်းနဲ့ short video တွေ အကြာကြီးထိုင်ကြည့် အိပ်မပျော်လို့ အိပ်ဆေးတွေသောက်/ ဝိုင်တွေသောက် နေပေမဲ့ ပြဿနာတွေက ရေတိုခဏတာအတွက်ပဲ ပြေလည်ပြီး ကျန်းမာရေးလည်း ထိခိုက်လာပါတယ်။ ကျွန်တော်လည်း ရေတိုဖြေရှင်းနည်းတွေနဲ့ လည်နေပြီး ဦးနှောက်တွေထိုင်းမှိုင်း နေလို့မကောင်းတော့လို့ ဘာလုပ်ရင် ကောင်းမလဲ လိုက်ရှာရင်းနဲ့မှ ဝိမှာပါတဲ့ “Cannabinoids” အကြောင်းလေ့လာထားတဲ့ စာတမ်းတစ်ခုကို သွားတွေ့တယ်။ စာတမ်းထဲမှာ Researcher က Cannabinoid တွေရဲ့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အကြောင်းကို လေ့လာတင်ပြထားတာပါ။ Cannabinoids အကြောင်းပြောရရင်.. Cannabinoids ဆိုတာ ဝိမှာ သဘာဝအတိုင်းပါတဲ့ ဓာတုဒြပ်ပေါင်းလေးတွေပါ။ […]