
PGRs (Plant Growth Regulators) ဆိုတာ အခုနောက်ပိုင်း
စတုံနာ ညီကိုတွေရဲ့ စကားဝိုင်းတွေထဲမှာ မပါမဖြစ်ပါဝင်လာတဲ့ အကြောင်းအရာလေးတစ်ခုပေါ့။
ဒီနေ့မှာတော့ PGR ဆိုတာဘာလဲရယ်၊ PGR နဲ့ ပတ်သက်ပြီး အယူအဆမှားတွေရယ် ၊
ကျွန်တော်တို့ရဲ့ industry ကြီးထဲမှာ ဘာလို့ PGR ကို မရှိစေချင်တာဆိုတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားချင်ပါတယ်။
PGRs ဆိုတာ (Plant Growth Regulators) ဆိုတာ
အပင်တွေကို ပိုမိုလျင်မြန်စွာ ကြီးထွားစေတဲ့အခါသုံးတဲ့ မြေသြဇာလို့ပဲ ရိုးရိုးရှင်းရှင်းတွေးမှတ်လို့ရပေမဲ့ မရိုးတာက သူ့ရဲ့ based က Chemical compound ဓာတုပစ္စည်းတွေနဲ့ အပင်တွေကို ပိုမိုလျင်မြန်စွာ ကြီးထွားစေတဲ့အခါမှာ သုံးတယ်။
PGRs ကို ဘာကြောင့် အသုံးပြုကြသလဲ
အပင်တွေကို စိုက်ပျိုးတဲ့ အခါ ပုံမှန်ကျွေးနေကြ
Nutrition တွေလို မဟုတ်တာ PGR က သဘာဝကိုကျော်လွန်သွားတဲ့ ဟော်မုန်းအားဆေးတစ်မျိုးဖြစ်တော့ စိတ်ပျော်ပင်တွေကို PGR သုံးပြီးစိုက်မယ်ဆိုရင် အဖူးတွေ အချိန်တိုအတွင်းဖူးလာမှာပဲ ဖြစ်ပါတယ်။
ဖူးတဲ့အဖူးတွေကလည်း သိပ်သည်းပြီး အကြီးကြီးတွေပါ။
လူတွေ ဓာတုပစ္စည်းနဲ့ဖန်တီးထားတဲ့ အဖူးကြီးကြီး လှလှတွေပပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် PGRs (Plant Growth Regulators) တွေကို သုံးစွဲတာက အပင်တွေကို ပိုပြီးလျင်မြန်စွာ ကြီးထွားစေနိုင်တာ ၊နောက်ပြီး Flowering Time က အရမ်းတိုတာ အပြင် ထွက်နှုန်းပါတိုးတော့ Farm နဲ့ မစိုက်နိုင်တဲ့သူတွေ ၊Home Grow ကို နေရာ အကျယ်ကြီး မရှိတဲ့ သူတွေအတွက်ရော တချို့ စီးပွားဖြစ်စိုက်တဲ့ သူတွေအတွက် PGRs က ရွှေပဲ။
ဒါပေမယ့် PGRs (Plant Growth Regulators) ဆိုတဲ့ ဓာတုပစ္စည်းတွေက အပင်တွေကို ပိုမိုလျင်မြန်စွာ ကြီးထွားစေတဲ့အခါမှာ အပင်တွေရဲ့ သဘာဝကို ထိခိုက်သွားတာတော့ အမှန်ပါပဲ။
PGRs (Plant Growth Regulators) နဲ့ ပတ်သက်ပြီး ရေရည်မှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ
PGRs (Plant Growth Regulators) တွေက ကနဦးအစပိုင်းမှာ အားနည်းချက်တော်တော်များတယ် ဥပမာ… သောက်လိုက်တဲ့ အခါ လည်ပင်းထဲမှာ Hit ထသလိုဖြစ်တာ ၊ After taste မှာ chemical အနံ့ထွက်လာတာ ၊ Flower အနံ့က ပေါ့သွား ၊ Grey Ash ဖြစ်တာ စသဖြင့်ပေါ့။
ဒါပေမဲ့ အခုနောက်ပိုင်း PGRs (Plant Growth Regulators) တွေက အဆင့်မြင့်လာတော့ ခွဲရခက်ပေမဲ့ After taste နဲ့ Hit ထတာနဲ့တင် ခွဲလို့ရပါသေးတယ်။
တစ်ခုရှိတာက ပုံမှန် PGRs တွေက terpene နှင့် cannabinoid ထုတ်လုပ်မှုကို လျော့ကျစေတာမလို့ အာနိသင်ကောင်းတွေ မရတာများပေမဲ့ အခုနောက်ပိုင်း မသိသာတော့လို့ ဈေးကွက်ထဲမှာ အရင်ကထက် သက်သက်သာသာနဲ့ သိသိသာသာ နေရာရလာတာ ဖြစ်ပါတယ်။
ဖြစ်နိုင်ချေရှိသော ကျန်းမာရေးအန္တရာယ်များ-
Endocrine လို့ ခေါ်တဲ့ လူ့ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်တွေကို ထိခိုက်စေတာတွေ၊ နောက်ပြီး ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေဖြစ်လာတာ ၊ မျိုးပွားမှုဆိုင်ရာ ပြဿနာများနှင့် အဆိုးဆုံးကတော့ ကင်ဆာ ဖြစ်နိုင်ခြေ တိုးလာစေတာပါ။
နောက်ပြီး တချို့တွေအတွက် ရေရှည်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ဆိုးဝါးစွာထိခိုက်တာမျိုးတွေ ဖြစ်တာမျိုးရှိပါတယ်။
စိတ်ပျော်ပင်လေးတွေကို အသုံးပြုရတဲ့ ရည်ရွယ်ချက်က စိတ်ရောကိုယ်ပါကျန်းမာပြီး အနားရစေဖို့ဖြစ်တာမို့ ခန္ဓာကိုယ်ကို
ထိခိုက်စေမယ့် PGRs သုံးပြီး စိုက်ထားတဲ့ အပွင့်လေး တွေကို ရေရှည်စွဲသောက်ရင်ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် သတိထားရှောင်ရှားဖို့လိုပါတယ်။
Lollipop Farm မှာဆိုရင် PGRs ကို အသုံးမပြုပဲ စိတ်ပျော်ပင်လေးတွေ အတွက် အမှန်တကယ်လိုအပ်ပြီး Quality စစ်မှန်တဲ့ PGR သုံးထားတဲ့ အပွင့်လေး တွေကို ရေရှည်စွဲသောက်ရင်ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။
Lollipop Farm မှာဆိုရင် PGR ဆို အသုံးမပြုပဲ သဘာဝကရတဲ့အားဆေးတွေပဲ စိတ်ပျော်ပင်လေးတွေကို တိုက်ကျွေးတာကြောင့် တကယ့် အစစ်အမှန်တွေကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
ညီကိုတို့အတွက် တစ်စုံတစ်ခု အကျိုးရှိခဲ့တယ်ဆို share သွားပေးပါနော်။
#Lollipopthailand#Lollipopbangkok#lollipopchiangmai#PGR#knowledgesharing#educational#safe#organic#plants#growing