အခန်းထဲဝင်လာပြီးမှ ဘာလာလုပ်တယ်ဆိုတာ မေ့သွားတာ၊
စာတစ်ကြောင်းကို ငါးခေါက်လောက်ဖတ်လည်း နားမလည်ဖြစ်နေတာ၊
အာရုံစိုက်လို့ မရတာမျိုး
ကျွန်တော်တို့အကုန်လုံး ဖြစ်ဖူးပါတယ်။
ဒီလိုဖြစ်စဉ်ကို ဦးနှောက်ထိုင်းမှိုင်းမှု(Brain Fog) ဖြစ်တယ်လို့ ခေါ်ပါတယ်။
🧠ဦးနှောက်ထိုင်းမှိုင်းမှု (Brain Fog)
-တစ်ခါတစ်လေ ကျွန်တော်တို့အတွေးတွေက နှေးပြီး မရှင်းမလင်း ဖြစ်နေတတ်ပါတယ်။
-Plan လည်း ချမရ၊
လုပ်စရာရှိတာတွေလည်း အာရုံစိုက်လို့မရ၊
လုပ်နေကြ အလွယ်ကူဆုံး အလုပ်တွေပါ ပြုလုပ်ရတာ ခက်ခဲလာပါတယ်။
-သိပြီးသားအကြောင်းအရာတွေ ပြန်စဉ်းစားလို့မရပဲ ခေါင်းက လေးနေပြီးတော့ ဘာမှမလုပ်ပဲ ပင်ပန်းနေတာမျိုးဖြစ်တတ်ပါတယ်။

ဒါတွေကတော့ ဦးနှောက်ထိုင်းမှိုင်းမှု (Brain Fog) ဖြစ်နေတဲ့ လက္ခဏာတွေပါ။
🧠Brain Fog ဘာကြောင့်ဖြစ်လဲဆို..
-ရက်ဆက်ပြီးတော့ Stress ပိတာ
-(၇-၈) နာရီ အိပ်ချိန်မရှိတာ
-စိတ်ဓာတ်ကျနေတာ
-ဦးနှောက် ပင်ပန်းစေတဲ့ ဆေးတွေသောက်နေရတာ
-ဗီတာမင် ချို့တဲ့တာ
စတဲ့အချက်တွေကြောင့် ကျွန်တော်တို့တွေ Brain Fog နဲ့ ကြုံတွေ့ရပါတယ်။
Brain Fog ဖြစ်ပြီဆို ဘာမှ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ပဲ အလုပ်တွေလည်း မပြီးတော့ပါဘူး။
🧠Brain Fog ကို ဘယ်လိုလျှော့ချရမလဲ❓
Brain Fog ကို လျှော့ချဖို့ လုပ်လို့ရတာတွေကတော့..
-(၇-၈)နာရီ ပြည့်ပြည့်ဝဝ အိပ်ပါ။
-အာဟာရ ပြည့်ဝအောင်စားပါ။
-လေ့ကျင့်ခန်းလုပ်ပါ။
-တရားထိုင်ပါ။
-ဝိသောက်ပါ။😎
ဟုတ်ပါတယ်။
ဝိသောက်တာက Brain Fog ကို လျော့ကျစေပါတယ်။
ဘယ်လိုလဲဆိုတော့….
ကျွန်တော်တို့ ဦးနှောက်ထဲမှာ CB1 နဲ့ CB2 receptors ဆိုပြီးရှိပါတယ်။
CB1 receptors က ဦးနှောက်ရဲ့ မှတ်ဥာဏ်၊ အာရုံစူးစိုက်မှု၊ စိတ်ချမ်းသာမှု စတာတွေကို အဓိက ချိတ်ဆက်ဆောင်ရွက်ပါတယ်။
ဝိသောက်လိုက်ရင် ဝိထဲက တီအိတ်ချ်စီနဲ့ စီဘီဒီ ဒြပ်ပေါင်းတွေက CB1 receptors နဲ့ ချိတ်ဆက်ပြီး အာရုံစူးစိုက်မှု၊ စိတ်ချမ်းသာမှုတွေကိုတိုးစေကာ Brain Fog ကို သက်သာစေပါတယ်။
ဝိမှာပါတဲ့
📍စီဘီဒီက– စိတ်ဖိစီးမှုကိုလျော့စေပြီး မှတ်ဥာဏ်နဲ့ အာရုံစူးစိုက်မှုကိုတိုးစေပါတယ်။
📍စီဘီဂျီက– ဦးနှောက်ဆဲလ် အသစ်တွေ ဖန်တီးမှုမှာ ကူပေးပါတယ်။
📍တီအိတ်ချ်စီဗီက– ဦးနှောက်လည်ပတ်မှုကို မြှင့်တင်ပေးပါတယ်။
ဒီအချက်တွေကြောင့် Brain Fog ကို လျှော့ချဖို့ ဝိကို အသုံးပြုကြပါတယ်။
Brain Fog ကို လျှော့ချဖို့ ဝိကို အသုံးပြုမယ်ဆို..
စီဘီဒီ များများပါတဲ့ Strain ဒါမှမဟုတ်
စီဘီဒီ ထည့်လိပ်ထားတာကို ရွေးပြီး
-တစ်ဖွာ၊ နှစ်ဖွာသောက်တာ
-ဂျယ်လီ တစ်ခုစားတာ
-Oral drop သုံးတာ
စသည်ဖြင့် Microdose ပုံစံမျိုးနဲ့ အသုံးပြုသင့်ပါတယ်။
Brain Fog က မကုသရင် ကျွန်တော်တို့နေ့စဉ်ဘဝတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။
📍အိပ်ချိန်ပြည့်အောင်အိပ်ခြင်း၊
📍အာဟာရပြည့်ဝအောင်စားခြင်း၊
📍လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊
📍ပန်းပွင့်လေးတွေမှီဝဲခြင်းဖြင့်
Brain Fog ကို လျှော့ချနိုင်ရုံသာမက
စိတ်နဲ့ ခန္ဓာ ကျန်းမာရေးပါ သိသာတိုးတက် ကောင်းမွန်လာပါမယ်။
Brain Fog နဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်တာ၊ မေးစရာရှိရင် comment မှာ ရေးခဲ့ပါဦးဗျ။
Disclaimer: All information shared here is for educational and informational purposes only. We do not sell or endorse illegal products. For any serious health issues, please seek advice from a medical expert.

Lollipopthailand #Lollipopbangkok #Brainfog #attention #concentrate #stressrelieve #cure #happy #relax #health

Leave a Reply

Your email address will not be published. Required fields are marked *


The reCAPTCHA verification period has expired. Please reload the page.