ဒီနှစ်ပိုင်းအတွင်း Stress ပိတာ၊ စိုးရိမ်ကြောင့်ကြနေရတာ၊ အိပ်မပျော်တဲ့ ရောဂါတွေ ကျွန်တော်တို့မှာ အဖြစ်များလာကြပါတယ်။

ပင်ပန်းပြီဆို ကော်ဖီတွေသောက်

စိတ်ဖိစီးရင် ဖုန်းနဲ့ short video တွေ အကြာကြီးထိုင်ကြည့်

အိပ်မပျော်လို့ အိပ်ဆေးတွေသောက်/ ဝိုင်တွေသောက် နေပေမဲ့

ပြဿနာတွေက ရေတိုခဏတာအတွက်ပဲ ပြေလည်ပြီး ကျန်းမာရေးလည်း ထိခိုက်လာပါတယ်။

ကျွန်တော်လည်း ရေတိုဖြေရှင်းနည်းတွေနဲ့ လည်နေပြီး

ဦးနှောက်တွေထိုင်းမှိုင်း နေလို့မကောင်းတော့လို့

ဘာလုပ်ရင် ကောင်းမလဲ လိုက်ရှာရင်းနဲ့မှ

ဝိမှာပါတဲ့ “Cannabinoids” အကြောင်းလေ့လာထားတဲ့ စာတမ်းတစ်ခုကို သွားတွေ့တယ်။

စာတမ်းထဲမှာ Researcher က Cannabinoid တွေရဲ့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့အကြောင်းကို လေ့လာတင်ပြထားတာပါ။

Cannabinoids အကြောင်းပြောရရင်..

Cannabinoids ဆိုတာ ဝိမှာ သဘာဝအတိုင်းပါတဲ့ ဓာတုဒြပ်ပေါင်းလေးတွေပါ။

ဒြပ်ပေါင်း(၁၀၀)ကျော်ပါတာကို စုပြီး Cannabinoids လို့ ခေါ်ပါတယ်။

Cannabinoids တွေထဲမှာမှ THC, CBD, CBG, CBC, CBN, THCV စတဲ့ ဒြပ်ပေါင်း(၆)မျိုးက ကျန်းမာရေးအကျိုးကျေးဇူးတွေအတွက် အဓိက ကျပါတယ်။

-Stress, Anxiety ပြေလျော့စေတာ

-အိပ်ပျော်စေတာ

-Mood ကောင်းစေတာ

-စားချင်စိတ်ဖြစ်စေတာ

-နာကျင်မှု သက်သာစေတာ

-အာရုံစိုက်မှုကောင်းစေတာ

-Energized ဖြစ်စေတာ

အစရှိတဲ့ ကောင်းကျိုးတွေရှိပါတယ်။

Cannabinoids တွေက Stress , Anxiety, အိပ်မရတာတွေကို ဘယ်လိုလျှော့ချပေးလဲဆိုတော့…

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ Stress, Mood, Pain နဲ့ Sleep ကို ထိန်းညှိပေးတဲ့ Endocannabinoid System(ECS) ဆိုတာရှိပါတယ်။Stress တွေပိ၊ Anxiety တွေများ၊ အိပ်ရေးတွေပျက်တော့ ကျွန်တော်တို့ Endocannabinoid System က Balanced ဖြစ်မနေတော့ပဲ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးကို ထိခိုက်လာပါတယ်။

Cannabinoids မှာပါတဲ့ ဒြပ်ပေါင်းတွေက Endocannabinoid System ကို သဘာဝအတိုင်း balanced ဖြစ်အောင် ပြန်ထိန်းညှိပေးနိုင်ပါတယ်။

–ခန္ဓာကိုယ်ထဲမှာ Cortisol level တွေမြင့်ပြီး စိတ်ဖိစီး ကြောင့်ကြမှုတွေ ဖြစ်နေရင် Cannabinoids မှာပါတဲ့ CBD က စိတ်ပျော်တဲ့ဟော်မုန်း ထွက်စေပြီး လူကို စိတ်ငြိမ်သွားစေပါတယ်။

–အိပ်မပျော်ဖြစ်နေတာတွေကို Cannabinoids ထဲက CBD, CBN နဲ့ THC က သက်သာအောင်ကူညီပေးပြီးတော့ အိပ်ချိန်၊ ထချိန် မှန်အောင် ထိန်းညှိပေးပါတယ်။

Cannabinoids ကို အသုံးပြုမယ်ဆို

-ဖွာရှိုက်

-Edibles

-Oral Drop

ပုံစံတွေနဲ့ အသုံးပြုနိုင်ပါတယ်။

ဘယ်လိုအသုံးပြုရမလဲဆို..

☀️နေ့ဘက်မှာ Stress တွေ၊ Anxiety တွေ ပြေလျော့ဖို့အတွက်

-Sativa-dominant Strain/

-CBD ပါဝင်မှုများတဲ့ Strain ကို

၁-၂ ဖွာသောက်ပါ။

[ဒါမှမဟုတ်]

–2.5-5mg ပြင်းအားနဲ့ Gummy တစ်ခုစားပါ။

[ဒါမှမဟုတ်]

-THC Oral Drop တစ်စက် အသုံးပြုပါ။

🌙ညဘက် အိပ်ပျော်ဖို့ဆို

-Indica-dominant Strain ကို

၂-၄ ဖွာ သောက်ပါ

[ဒါမှမဟုတ်]

-CBD Gummy ကို 50-100 mg ပြင်းအား လောက်ရောက်အောင် စားပါ။

[ဒါမှမဟုတ်]

-CBD Oral Drop နှစ်စက် အသုံးပြုပါ။

ပြောရရင်တော့ Microdosing ပေါ့။

အများကြီးသုံးရင်တော့ ဘာမှလုပ်မရတော့ပဲ ဖြစ်သွားမှာပါ။

Microdose နဲ့ စမ်းကြည့်တာက တစ်ကယ် အကျိုးရှိပါတယ်။

မိတ်ဆွေတို့လည်း စိတ်ပင်ပန်းမှု၊ စိုးရိမ်ကြောင့်ကြမှု၊ အိပ်မပျော်တဲ့ ရောဂါတွေနဲ့ ကြုံတွေ့နေရလို့ ရေတိုဖြေရှင်းနည်းတွေနဲ့ အဆင်မပြေတော့ရင် ဘေးဥပဒ် မဖြစ်စေတဲ့ သဘာဝရဲ့ Cannabinoid လေးတွေကို စမ်းကြည့်စေချင်ပါတယ်။

Disclaimer:

This content is for informational and educational purposes only. We do not sell, distribute, or promote any illegal substances or products. All information provided is intended for general knowledge and should not be considered medical, legal, or professional advice. Always consult with a qualified professional before using any product. The responsibility for complying with local laws and regulations lies with the individual.

#Lollipopthailand#Lollipopbangkok#stressrelieve#anxieity#meditate#sleep#knowledgesharing#relax#chill#rest#focus#energized#insomnia

Leave a Reply

Your email address will not be published. Required fields are marked *


The reCAPTCHA verification period has expired. Please reload the page.