
ဘဝကို နေပျော်စေတဲ့ ဘန်ကောက်ည အမှတ်တရတွေထဲ
Lollipop Phra Athit ဆိုင်က မပါမဖြစ်ပဲ …
ဘန်ကောက် ဆိုတာ ခေတ်မီ တိုးတက်နေပြီး လက်ညှိုးထိုးရာ မလွဲမြင်နေရတဲ့ မိုးမျှော်တိုက်ကြီးတွေ
မျက်စိတစ်စုံ မြင်နေရတဲ့ မီးရောင်စုံတွေနဲ့
လှုပ်ရှားသွားလာ နေကြတဲ့ နိုင်ငံအရပ်ရပ်က လူမျိုးအစုံ ၊
စားချင်စဖွယ် street foods တွေရှိတဲ့ ညဈေးတန်းတွေဟာ ဘန်ကောက်ရဲ့ အလှတရားတွေပဲ
Ekkamai နဲ့ Thonglor Sukhumvit 55 တဝိုက်က
Bangkok Nightlife အထာတွေဟာ ဘန်ကောက်ရဲ့ ညဘက်အလှတွေကို ပိုပြီး အဓိပ္ပာယ် ရှိနေစေတာပေါ့ …
နောက်ပြီး Lollipop Bangkok ရဲ့ Phrathit ဆိုင်မှာ သုံးဆောင်ပြီး Chao Phra မြစ်ကမ်း တလျောက် ရဲ့ ညနေခင်း ဆည်းဆာတွေကို မရှုစားဖူးရင် ဘန်ကောက် ရဲ့ အဓိပ္ပာယ် ကို သင်သိမှာ မဟုတ်ပါဘူး။
Khao San မှာ ညလုံးပေါက် ဟိုဆိုင်ဝင် ဒီဆိုင်ဝင် လုပ်ပြီး
ပလပ်မကျွတ်ခဲ့ဖူးရင် ဘန်ကောက် ညတွေကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ဖူးတယ်လို့ ဆိုလို့မရသေးဘူး။
အမြဲ အသက်ဝင်နေတဲ့ လမ်းမတွေ၊
နိုင်ငံပေါင်းစုံက စကားသံ အစုံကို တစ်စွန်းတစ်စ ကြားနေပြီး
သင်္ဘောသီးထောင်းမြေရဲ့ အရောင်အသွေးစုံတဲ့ အလှပဂေးလေးတွေက ဘန်ကောက်ညတွေက ဘဝကြီးကို ပိုနေပျော်စေတဲ့ အကြောင်းအရာတွေပါပဲ။