hi88 789bet 1xbet 1xbet plinko Tigrinho Interwin

Weed ကို ခဏလောက်ခွဲနေသင့်ပြီလား??

WeeD ကို ရက်ဆက်ပြီး ပုံမှန်သောက်ဖြစ်နေရင် Tolerance မြင့်လာတတ်ပါတယ်။

ခံနိုင်ရည်စွမ်း တဖြည်းဖြည်းတိုးတာပေါ့။

ညီကိုတွေဖြစ်ဖူးမှာပါ။

ပုံမှန်သောက်နေရင်းနဲ့ WeeD ရဲ့ effect က လျော့လျော့လာတယ်။

နောက်ကျတော့ သောက်တာသောက်နေတာ ပြဲလား\မပြဲလား မသဲကွဲတော့ဘူး။

ပိုသောက်ကြည့်လည်းမထူး။

ပိုပြင်းတဲ့ဟာစမ်းကြည့်မယ်ကွာဆိုပြီး သောက်တော့လည်း အရင်လိုပျော်စရာမကောင်း။

ဟာ.. ငါမပြဲနိုင်တော့ဘူးလားပေါ့??🥹

ဒါကတော့ Tolerance မြင့်လာတဲ့ လက္ခဏာတွေပါ။

ကျွန်တော်တို့ ခန္ဓာကိုယ်မှာ THCဒြပ်ပေါင်းကို ချိတ်ဆက်ပေးတဲ့ endocannabinoid system ဆိုတာရှိပါတယ်။

THC တွေ များလာတဲ့အချိန်မှာတော့ endocannabinoid system ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပဲ Tolerance မြင့်တယ်ဆိုပြီး ဖြစ်လာပါတယ်။

Tolerance မြင့်လာရင် ဘယ်အချိန်သောက်သောက် အေးဆေးပဲ၊ အပြင်သွားလို့ရတယ်၊ အလုပ်လုပ်လို့ရတယ်၊

ဆရာကြီးဖြစ်လာပေမဲ့ ဆိုးကျိုးတွေလည်းရှိပါတယ်။

-နည်းနည်းလေးပြဲဖို့ အများကြီးပိုသောက်ရတယ်။

ပျော်စရာမကောင်းတော့ဘူး။

-endocannabinoid system အလုပ်ပြန်လုပ်ဖို့ အချိန်ပိုပြီးယူရတယ်။

(Effect ပြန်ရဖို့နားမယ်ဆို အကြာကြီးနားရမှာပါ)

-နားရင်လည်း စိတ်မကြည်၊ အိပ်မပျော်၊ စားမဝင်၊ ခေါင်းကိုက်၊ ခေါင်းမူး စတဲ့ symptom တွေ ပြပါမယ်။

ဒါကတော့ Tolerance မြင့်လာတဲ့ ဆိုးကျိုးတွေပါ။

ပြောရရင်တော့ Tolerance မြင့်လာတာ ကောင်းကျိုးအများကြီးမရှိပါဘူး။

လျှော့ချသင့်ပါတယ်။

၂၀၁၆ တုန်းကပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ Tolerance မြင့်တာကိုလျှော့ချဖို့ အနည်းဆုံး နှစ်ရက်(၄၈ နာရီ) နားသင့်တယ်လို့ တွေ့ရှိထားပါတယ်။

လုံးဝ အပြည့်အဝနားချင်ရင်တော့ (၂၁ရက်)ထိနားသင့်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ညီကိုက သောက်တာကိုမနားချင်ဘူး

Tolerance လည်းလျော့ချင်တယ်ဆိုရင်တော့ ဒီ(၃)ခုကိုလုပ်လို့ရပါတယ်။

၁။) Microdosing

တစ်နေ့ကို တစ်လိပ်လုံးသောက်မယ့်အစား နည်းနည်းပဲသောက်ပါ။

Microdose ပမာဏကို အနည်းဆုံး 2.5 mg သတ်မှတ်ထားပါတယ်။

ဂျယ်လီစားတာ၊ တစ်နေ့ကို တစ်ဖွာ နှစ်ဖွာပဲသောက်တာက နားလိုက်လို့ဖြစ်မယ့် ဆိုးကျိုးလက္ခဏာတွေမပြစေပဲ Tolerance မြင့်နေတာကို လျော့ကျစေပါတယ်။

၂။) လေ့ကျင့်ခန်းလုပ်ပါ။

ဟုတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး ခံနိုင်ရည်စွမ်းလျှော့လို့ရပါတယ်။

ကျွန်တော်တို့ခန္ဓာကိုယ်က THC ဒြပ်ပေါင်းတွေကို အဆီဆဲလ်တွေထဲမှာ သိမ်းဆည်းပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက အဆီကျစေပြီး အဆီနဲ့အတူ THC ဒြပ်တွေလည်း ပါသွားပါတယ်။

နောက်တစ်ခုက ခန္ဓာကိုယ်က THC ရဲ့ ၂၀%လောက်ကို ချွေးနဲ့အတူစွန့်ထုတ်ပါတယ်။

(ချွေးထွက်ရင် အနံ့က ယ33D နံ့လိုလိုဖြစ်နေတာ ဒါကြောင့်ပေါ့)

ဒီအချက်တွေကြောင့် Tolerance မြင့်နေတာလျှော့ချဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးလို့ရပါတယ်။

၃။) CBD ခဏပြောင်းကြည့်ပါ။

CBD အဖူးတွေမှာ ပန်းပွင့်လေးတွေရဲ့ အနံ့နဲ့ အရသာအပြင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေလည်းပါဝင်ပါတယ်။

ခန္ဓာကိုယ်ကို relaxဖြစ်နေစေပြီး နားလို့ဖြစ်မယ့် symptomတွေကိုလည်း သက်သာစေပါတယ်။

ပြဲတဲ့အဆင့်တော့ မဖြစ်ပေမဲ့ နှစ်ရက် သုံးရက် နားနေတဲ့အချိန်အတွင်းမှာ CBD အဖူးတွေကို အာသာပြေ အစားထိုးသောက်နိုင်ပါတယ်။

Tolerance နိမ့်နေရင် တစ်နေ့ပမာဏနည်းနည်းနဲ့ ပန်းပွင့်လေးတွေရဲ့အရသာကို ပြည့်ပြည့်ဝဝ ပျော်ရွှင်စွာ ခံစားလို့ရပါတယ်။

ညီကိုတွေလည်း Tolerance လျှော့ခဲ့တဲ့ အတွေ့အကြုံရှိရင် ဘယ်ဟာတွေကအလုပ်ဖြစ်လဲ ဆွေးနွေးပေးပါဦး။🫶

ပန်းပွင့်လေးတွေနဲ့ပတ်သတ်ပြီး မေးမြန်းချင်ရင်တော့ comment boxမှာ linkရှိပါတယ်ဗျ။⬇️⬇️

Disclaimer: The information provided in this article is for educational and informational purposes only. It is not intended to encourage or facilitate any illegal activity. This page does not sell, distribute, or promote any regulated substances. Readers are encouraged to comply with all applicable laws in their jurisdiction and seek professional medical advice when needed.

#tolerance#break#နား#ပြဲ#relax#chill#knowledge#educational#exercise#လေ့ကျင့်ခန်း#ပျော်စရာ

Share this post with your friends

Facebook
Telegram
Twitter
Print

Leave a Reply

Your email address will not be published. Required fields are marked *

Recent Post

Tags